မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးချိုးဖောက်မှုကို တရားရုံးမှာ ကြားနာစစ်ဆေးမယ့်ရက် သတ်မှတ်ပြီးဖြစ်ကြောင်း ပရီးမီးယားလိဂ် စီအီးအို ရစ်ချတ်မာစတာက ပြောပါတယ်။
အဲဗာတန်နဲ့ နောင်တမ်ဟမ်ဖောရက်စ်အသင်းတွေကို အရေးယူဖို့ လုပ်ဆောင်နေပေမဲ့ မန်စီးတီးအသင်းရဲ့ အမှုကြန့်ကြာနေတဲ့အပေါ် ပရိသတ်တွေက ဝေဖန်ခဲ့ပြီးနောက်မှာ ဒီသတင်း ထုတ်ပြန်လာခဲ့တာပါ။
မန်စီးတီးအသင်းဟာ ၂၀၁၈ ခုနှစ်ကနေ စတင်ပြီး ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ၁၁၅ ချက်အထိရှိကြောင်း ပရီးမီးယားလိဂ်က စွပ်စွဲပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။
ဘယ်အချိန်မှာ ကြားနာစစ်ဆေးမလဲဆိုတာ အတိအကျ မထုတ်ပြန်ပေမဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးချိုးဖောက်မှုတွေက တခြားအသင်းတွေနဲ့ မတူညီတာကြောင့် ကြန့်ကြာနေရတာဖြစ်ပြီး ကြားနာစစ်ဆေးသွားတော့မှာဖြစ်ကြောင်း လိဂ်စီအီးအို ရစ်ချတ်မာစတာက ပြောသွားပါတယ်။
Photo-Reuters