ရိုးမားအသင်းရဲ့ ရှေ့တန်းကစားသမား ပေါ်လို ဒီဘားလားကို နယူးကာဆယ်အသင်းက အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ မန်ယူနဲ့ စပါးတို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ဒီဘားလားက နောက်ဆုံးမှာတော့ ရိုးမားအသင်းနဲ့သာ စာချုပ်ချုပ်ဆိုခဲ့တာပါ။
ဒီတခေါက်မှာ အသက် ၃၀ အရွယ် ဒီဘားလား အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့အတွက် ဖြစ်လာနိုင်တယ်ဆိုပြီး အီတလီမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဒီ အာဂျင်တီးနားကြယ်ပွင့်ဟာ ရိုးမားအသင်းအတွက် ၅၆ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ရှိခဲ့ပါတယ်။
လာမယ့် ၂၀၂၅ ခုနှစ်အတွင်း ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီဘားလား အတွက် ပြောင်းရွှေ့ကြေးက ပေါင် ၁၁ သန်းသာ ရှိတာကြောင့် အခုလို သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဒီဘားလားရဲ့ တပတ်လုပ်ခ ပေါင် ၁ သိန်း ၈ သောင်း ပမာဏက FFP ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေမှာ အခက်အခဲ ဖြစ်လာနိုင်တဲ့ တခုတည်းသောအချက် ဖြစ်ပါတယ်။
ဒါ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ နယူးကာဆယ်အသင်းဟာ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
Photo-Reuters