အဲဗာတန်နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတွေကို အမှတ်လျှော့ပြစ်ဒဏ် ချမှတ်သွားဖို့ ရှိပါတယ်။
ပရီးမီးယားလိဂ်ရဲ့ ငွေကြေးသုံးစွဲမှု စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် နှစ်သင်းစလုံးကို တနင်္လာနေ့မှာ အရေးယူဖို့ရှိတာပါ။
အဲဗာတန်အသင်းကတော့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ၁၀ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာလည်း နောင်တင်ဟမ်ဖောရက်စ်နဲ့အတူ ထပ်မံပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိလာတာပါ။
ပရီးမီးယားလိဂ်ကလပ်တွေ အနေနဲ့ သုံးနှစ်အတွင်းမှာ ပေါင် ၁၀၅ သန်း အရှုံးပေါ်ခွင့်ရှိပေမဲ့ နော်တင်ဟမ်အသင်းက ပြီးခဲ့တဲ့ တနှစ်တည်းမှာပဲ ပေါင်သန်း ၅၀ ခန့် အရှုံးပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
တန်းတက်အသင်းတသင်း အနေနဲ့ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ရတာဟာ စိန်ခေါ်မှုတွေရှိကြောင်း နော်တင်ဟမ်ဖောရက်စ်အသင်း တာဝန်ရှိသူတဦးက ဝန်ခံပြောထားပါတယ်။
Photo-PHIL NOBLE/REUTERS