Home
နိုင်ငံတကာ
ဟားမတ်စ်က အစ္စရေးဓားစာခံ ၃ ဦး ဗီဒီယို ထုတ်ပြန်ပြီး ခြိမ်းခြောက်
DVB
·
January 15, 2024
Hamas hostage_15012024

ဟားမတ်စ်အဖွဲ့က သူတို့ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံ ၃ ယောက်ရဲ့ ဗီဒီယိုဖိုင်ကို ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး “ဒီလူတွေရဲ့ ကံကြမ္မာကို မနက်ဖြန်ကျရင် အသိပေးသွားမယ်” လို့ ဗီဒီယိုအဆုံးမှာ စာတန်းထိုး ခြိမ်းခြောက်ခဲ့ပါတယ်။

ဗီဒီယိုထဲမှာ ဟားမတ်စ်တွေကို တိုက်ခိုက်တာရပ်ပြီး မိမိတို့လွတ်မြောက်ရေးကို ဦးစားပေးဖို့ ဓားစာခံသုံးဦးက တိုက်တွန်းထားပါတယ်။

ရက်စွဲတပ်မထားတဲ့ ဗီဒီယိုထဲမှာ ပါဝင်သူသုံးဦးက အသက် ၂၆ နှစ်အရွယ် နိုအာ အာဂါမာနီ၊ အသက် ၅၃ နှစ်အရွယ် ယော့စီရှာရာဘီ၊ အသက် ၃၈ နှစ်အရွယ် အီတိုင် စဗားစကီးတို့ ဖြစ်ပါတယ်။

အစ္စရေးက ဗုံးကြဲ၊ အမြောက်နဲ့ပစ်နေတာကြောင့် တချို့ဓားစာခံတွေနဲ့ အဆက်အသွယ် ပြတ်ကုန်ပြီး အစ္စရေးဓားစာခံတွေ သေကုန်တဲ့သဘောမျိုး ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုဗီဒီယိုဖိုင် ထွက်လာတာနဲ့ပတ်သက်ပြီး အစ္စရေးတာဝန်ရှိသူတွေက တရားဝင်တုံ့ပြန်ဖို့ ငြင်းဆန်ထားပြီး စိတ်ဓာတ်စစ်ဆင်ရေးလုပ်တာသာ ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။

အလောင်းပြန်ရတဲ့ သေဆုံးနေတဲ့ ဓားစာခံတွေကို စစ်ဆေးကြည့်တဲ့အခါ ဟားမတ်စ်က ပြောသလို အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် သေတာမဟုတ်ဘူးလို့ တွေ့ရှိကြောင်း အစ္စရေး ကျန်မာရေးဝန်ကြီးဌာနက သေမှုသေခင်းစစ်ဆေးရေး တာဝန်ရှိသူ ဟာဂါမီဇရာတီကလည်း ဒီဇင်ဘာ ၃၁ ရက်က ပြောထားပါတယ်။

ဒါပေမဲ့ ထိုးစစ်ကြောင့် ဓားစာခံတွေ ထိခိုက်နိုင်တာကို အစ္စရေးက သတိကြီးကြီးထားပြီး အချိန်ယူ ဆောင်ရွက်တာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဒန်နီယယ် ဟာဂါရီက ပြောပါတယ်။

Source/Photo-REUTERS/Susana Vera

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024