မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ သရေကျတဲ့ပွဲစဉ်မှာ ဂါနာချို ပြစ်ဒဏ်ကျူးလွန်ခံရပေမဲ့ ပင်နယ်တီမပေးတဲ့ အပေါ် မန်ယူနည်းပြအဲရစ်တန်ဟတ်ဂ်က ဝေဖန်သွားပါတယ်။
နှစ်ဂိုးစီသရေကျခဲ့တဲ့ အဲဒီပွဲစဉ် ပွဲချိန် ၃၁ မိနစ်မှာ ဂါနာချိုကို စပါးနောက်ခံလူ အူဒူဂီက ဆွဲလှဲခဲ့ပေမဲ့ ပင်နယ်တီမပေါ်ခဲ့တဲ့အပေါ် နည်းပြ တန်ဟတ်ဂ်က ဝေဖန်ခဲ့တာပါ။
ပြီးခဲ့တဲ့သြဂုတ်လတုန်းက စပါးအသင်းနဲ့ ပွဲမှာလည်း နောက်ခံလူရိုမဲရိုး လက်ထိဘောဖြစ်ခဲ့ပေမဲ့ ပင်နယ်တီမရခဲ့ကြောင်း၊ ဒီလိုဖြစ်ရပ်တွေမှာ တစ်ရာသီလုံးအတိုင်းအတာနဲ့ဆိုရင် အသင်းအတွက် အပြောင်းအလဲဖြစ်နိုင်ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
ဒီဖြစ်ရပ်တွေအပေါ် VAR နဲ့ ပြန်မကြည့်ခဲ့တာကလည်း ဘာမှ မတတ်နိုင်ခဲ့ကြောင်းနဲ့ ရာသီတိုင်းမှာ ဖြစ်နေကျကိစ္စလိုတောင်ဖြစ်နေပြီလို့ နည်းပြတန်ဟတ်ဂ်က ဝေဖန်သွားပါတယ်။
Photo-Reuters