Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် သထုံမြို့နယ်က ဒေသခံ ၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ရ
DVB
·
January 14, 2024
ThaHton IDPs_14012024

မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာ အခု ရက်ပိုင်းအတွင်း  ဒေသခံ ၄၀၀ လောက် စစ်ဘေးတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့က သထုံမြို့နယ်၊ ဆူးအင်းကျေးရွာမှာ လက်နက်ကြီးကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး၊ ကော့လှိုင်းနဲ့ ရွာလေးကုန်း ကျေးရွာတို့မှာလည်း လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ် ၂ လုံးပျက်စီးခဲ့ရပါတယ်။

သထုံမြို့နယ်က စစ်ရှောင်တွေကို ကူညီပေးနေသူတယောက်က “ဒီရက်ပိုင်းထဲမှာပဲ ကျုံမိန်ကျေးရွာ၊ ကော့လှိုင်းကျေးရွာနဲ့ ရွာလေးကုန်း ကျေးရွာတို့မှာ စကစရဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့လို့ အိမ်ခြေ ၈၂ အိမ်က လူဦးရေ စုစုပေါင်း ၃၈၂ ယောက် ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ။ လောလောဆယ်တော့ KNU ဘက်က ကူညီမှုတွေ ဆောက်ရွက်ပေးထားတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်ထဲက သထုံ၊ ကျိုက်မရော၊ ဘီးလင်းအပါအဝင် မြို့နယ်တချို့မှာ နိုဝင်ဘာလအတွင်းကစပြီး KNU, PDF ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ KNU တပ်မဟာ ၁ နယ်မြေ၊ သထုံခရိုင် ဘီးလင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၊ BGF နယ်ခြားစောင့်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးစတင်တင်းမာလာတာကြောင့် ကျေးရွာ ၉ ရွာက ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024