အသက် ၁၈ နှစ်အရွယ် ဒိန်းမတ်မင်းသား ခရစ္စယံဟာ သူ့အဘွားဖြစ်သူ ဘုရင်မ မာဂရက်သ် ထီးနန်းစွန့်သွားပြီး သူ့ခမည်းတော်က ဇန်န၀ါရီ ၁၄ ရက်မှာ ဘုရင်ဖြစ်လာချိန်မှာ အိမ်ရှေ့စံမင်းသား ဖြစ်လာပါတယ်။
၁၉၇၂ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ အသက် ၈၃ နှစ်အရွယ် ဘုရင်မဟာ နန်းသက် ၅၂ နှစ်အကြာ ရိုးရာနှစ်သစ်ကူး အကြိုမိန့်ခွန်းကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြောချိန်မှာ ထီးနန်းစွန့်မယ်လို့ ကြေညာခဲ့ပါတယ်။
ဥရောပရဲ့ သက်တမ်းအရှည်ဆုံး ဧကရီဘုရင်မ မာဂရက်သ်ရဲ့ နေရာကို သားအကြီးဆုံး အိမ်ရှေ့မင်းသား ဖရက်ဒရစ်ခ်က ဆက်ခံမှာပါ။
ဖရက်ဒရစ်ဟာ မေရီအဲလိဇဘက်ဒေါ်နယ်ဆန်နဲ့ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး သားသမီးလေးယောက်ထဲမှာ မင်းသား ခရစ္စယံက အသက်အကြီးဆုံးဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ တရားဝင်အာဏာက ရွေးကောက်ခံ လွှတ်တော်နဲ့ အစိုးရတို့မှာပဲ ရှိတာပါ။ ဘုရင် စနစ်က ပါတီနိုင်ငံရေးရဲ့အထက်မှာ ရှိနေပြီး နိုင်ငံတော်ကို ကိုယ်စားပြုပြီး နိုင်ငံတော်အလည်အပတ် ခရီးကနေ အမျိုးသားနေ့ အခမ်းအနားတွေအထိ တာဝန်တွေကို ထမ်းဆောင်လေ့ ရှိပါတယ်။
Source/Photo - Reuters