ဖူဟမ်အသင်းနဲ့ ပွဲစဉ်မှာ နောက်ခံလူ ဂတ်စ်တိုရဲ့ ဖျက်ထုတ်မှုဟာ အနီကတ်ပြသခံရနိုင်ကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ဝန်ခံပြောသွားပါတယ်။
ချဲလ်ဆီးနောက်ခံလူဟာ ဖူဟမ်တောင်ပံကစားသမား ဝီလီယံရဲ့ ခြေချင်းဝတ်ကို ခြေထောက်နဲ့ နင်းမိခဲ့တာဖြစ်ပြီး အနီကတ်ပြသလို့ရတဲ့ အခြေအနေဖြစ်ခဲ့တာပါ။
ဂတ်စ်တိုကို ကွင်းလယ်ဒိုင် အန်တိုနီတေလာက အဝါကတ်သာ ပြသခဲ့ပြီး အနီကတ် ပြသခြင်းမရှိတဲ့အပေါ် ဝီလီယံ အပါအဝင် ဖူဟမ်နည်းပြနဲ့ ကစားသမားတွေက မကျေမနပ် ဖြစ်ခဲ့ပါတယ်။
ဂတ်စ်တိုရဲ့ ဖျက်ထုတ်မှုဟာ အနီကတ်ပြသခံရနိုင်တယ်ဆိုတာ သိရှိနားလည်ပြီး ရှုထောင့်ပေါင်းစုံကနေ မကြည့်ရတဲ့အတွက်တော့ အများကြီး မပြောချင်ကြောင်း ပိုချက်တီနိုက ပြောပါတယ်။
ဒါပေမဲ့ ဘောလုံးပွဲတွေမှာ ဒီလိုဖြစ်ရပ်တွေက ဖြစ်လေ့ဖြစ်ထရှိပြီး တခါတလေမှာ အသာရတတ်သလို တခါတလေမှာလည်း နစ်နာမှုရှိတတ်ကြောင်း နည်းပြပိုချက်တီနိုက ပြောသွားပါတယ်။
Photo - REUTERS/Dylan Martinez