ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့အတွက် သိမ်းဆည်းအေးခဲထားတဲ့ ရုရှားပိုင်ဆိုင်မှု ဒေါ်လာ ဘီလီယံ ၃၀၀ အထိ သိမ်းယူမယ်ဆိုတဲ့ အမေရိကန်အဆိုပြုချက်ဟာ "၂၁ ရာစု အပိုင်စီးမှုလုပ်ရပ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၂ ရက်မှာ ခေါ်ဆိုလိုက်ပြီး အဲဒီလိုသာ ဖြစ်လာခဲ့ရင် မော်စကိုဟာ ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့လည်း ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အဲဒီလောက် ပမာဏကို ခိုးယူမှုအတွက် “တရားဝင် အကာအကွယ်”ဖြစ်အောင် ဖန်တီးဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ရုရှားက ယူဆထားကြောင်း နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗေက သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေကို လက်ဝယ်ရယူဖို့ ကြိုးပမ်းမှုမှာ အိမ်ဖြူတော်ဟာ စီစဉ်အကွက်ချထားတဲ့ ခိုးယူမှုအတွက် တရားဝင်လုပ်ရပ်ပါဆိုတဲ့ ပုံစံကို ဖန်တီးချင်နေတာ လို့လည်း ဆိုပါတယ်။
ရုရှားကို ဆန့်ကျင်တဲ့ တကျော့ပြန် ကုန်သွယ်ရေးနဲ့ စီးပွားရေးစစ်ပွဲ လှုံ့ဆော်နေသူတွေအတွက် အထိနာပြီး မှတ်မှတ်သားသားဖြစ်အောင် လက်တုံ့ပြန်တဲ့ အစီအမံတွေကို အကောင်အထည် ဖော်သွားမှာဖြစ်တယ်ဆိုတာ ထပ်လောင်းအတည်ပြုလို့ ရပါတယ်လို့ ရုရှားနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောသွားပါတယ်။
Source/Photo - Reuters