ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ ဗြိတိန်ဝန်ကြီးချုပ် ရိရှိဆူနက်ခ်တို့ဟာ ဇန်နဝါရီ ၁၂ ရက်က ယူကရိန်း မြို့တော်ကိယက်ဗ်မှာ နှစ်နိုင်ငံလုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။
ကင်းထောက်၊ တာဝေးပစ် တိုက်ခိုက်ရေး လက်နက်တွေနဲ့ ပင်လယ်ပြင်သုံး ဒရုန်းတွေအပါအဝင် ယူကရိန်းစစ်ဘက်ဆိုင်ရာ မောင်းသူမဲ့ လေယာဉ်အသစ်တွေ ဝယ်ရာမှာ ကူညီဖို့ စစ်ဘက်ဆိုင်ရာ ရန်ပုံငွေ တိုးမြှင့်ကြောင်း ကြေညာဖို့ ဆူနက်ခ်ဟာ ကိယက်ဗ်မြို့တော်ဆီ လာရောက် လည်ပတ်ခဲ့ပါတယ်။
ဗြိတိန်အစိုးရဟာ ရုရှားရဲ့ ကျူးကျော်မှုအတွင်း ယူကရိန်းအစိုးရရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေထဲ က တနိုင်ငံပါ။
ဗြိတိန်ဟာ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ပံ့ပိုးကူညီတာတွေကို စတာလင် ပေါင် ၂ ဒသမ ၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၉ ဘီလီယံ) ဖိုးအထိ တိုးမြှင့်သွားမှာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ပေါင်သန်း ၂၀၀ တိုးလာမယ်လို့ ဆူနက်ခ်က ပြောပါတယ်။
Source/Photo - Reuters