အိန္ဒိယနဲ့ ဂျပန်ကမ်းခြေစောင့်တပ်တွေဟာ အိန္ဒိယတောင်ပိုင်း ချန်နိုင်းကမ်းခြေမှာ ဇန်နဝါရီ ၁၂ ရက်က ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ပါတယ်။
ကမ်းရိုးတန်းစောင့်တပ် နှစ်ခုဟာ သင်္ဘောတွေ၊ မော်တော်ဘုတ်တွေ၊ လေယာဉ်တွေကို သုံးပြီး မီးလောင်မှုနဲ့ လောင်စာဆီယိုဖိတ်မှုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာ လေ့ကျင့်ခဲ့ကြတာပါ။
ဂျပန်နဲ့ အိန္ဒိယတို့ဟာ သက်ဆိုင်ရာ ကမ်းခြေစောင့်တပ်တွေကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ ကတိပြုခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ(MoC)ကို ၂၀၀၆ ခုနှစ်မှာ လက်မှတ်ရေးထိုး ထားပါတယ်။
သြစတြေးလျ၊ အမေရိကန်တို့နဲ့အတူ နှစ်နိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသတလျှောက် နှစ်စဉ် ရေတပ် တွေကြား စစ်ရေးလေ့ကျင့်တဲ့ Quad သံတမန်ကွန်ရက်အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ပါတယ်။
Source/Photo - Reuters