Home
နိုင်ငံတကာ
အယ်လ်ဆာဗေဒေါ အကျဉ်းထောင်များကို အစိုးရတပ်များ စီးနင်းစစ်ဆေး
DVB
·
January 13, 2024
pri world 1312024

အယ်လ်ဆာဗေဒေါ အစိုးရဟာ နယ်မြေထိန်းချုပ်ရေး စီမံချက်ရဲ့ တစိတ်တပိုင်းအဖြစ် ဇန်နဝါရီ ၁၀ ရက် ဗုဒ္ဓဟူးနေ့က အကျဉ်းထောင်တွေအတွင်း ဝင်ရောက်စီးနင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ 

နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်တွေမှာ အစောင့်တွေဟာ အကျဉ်းသားတွေနဲ့ သူတို့ရဲ့ ပစ္စည်းတွေကို စစ်ဆေးခဲ့ပါတယ်။ 

တောင်အမေရိကနိုင်ငံ အက်ကွေဒေါမှာ အကြမ်းဖက်မှု လှိုင်းလုံးတွေ ပြင်းပြင်းထန်ထန် ရိုက်ခတ်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အလ်ဆာဗေဒေါမှာလည်း အရေးယူလုပ်ဆောင်လာခဲ့တာပါ။ 

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ လူဆိုးဂိုဏ်းတွေကို နှိမ်နင်းရေး အစီအမံတခုအနေနဲ့ သမ္မတ နာယစ်ဘ် ဘူကီလီက ၂၀၁၉ ခုနှစ်မှာ နယ်မြေထိန်းချုပ်ရေးစီမံချက်ကို စတင်ခဲ့ပါတယ်။ 

အဲဒီကနေ ဘူကီလီဟာ နိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အခွင့်အာဏာပေးခဲ့ပြီး အကျဉ်းထောင်အသစ်တွေကိုလည်း ဆောက်လုပ်ခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024