ချီလီနိုင်ငံမှာ ရာပါနွီလို့ သိကြတဲ့ အီစ်တာကျွန်းရှိ ပြန်လည်သန့်စင်အသုံးပြုရေးဌာန (ရီဆိုင်ကယ်လ် စင်တာ)မှာ နည်းပညာဆိုင်ရာ စွန့်ပစ်ပစ္စည်း ၉ တန်နီးပါးကို စုဆောင်းရရှိထားပြီး ချီလီတိုက်ကြီးကို ပြန်ပို့ဆောင်ဖို့ ပြန်လည်သန့်စင်ရေးတွေ လုပ်ဆောင်နေပါတယ်။
ဒီလုပ်ငန်းဟာ ရာပါနွီဒေသခံအစိုးရ၊ မီဒါစ်ချီလီ အမည်ရှိ ပြန်လည်အသုံးပြုရေး ကုမ္ပဏီ နဲ့ ENTEL (ချီလီဆက်သွယ်ရေးကုမ္ပဏီ) တို့ကြား ပူးပေါင်းကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။
ရာပါနွီဒေသခံတွေဟာ သူတို့ရဲ့ တက်ဘလက်နဲ့ ဖုန်းအဟောင်းအပျက်တွေကို ဒေသတွင်း ရီဆိုင်ကယ်လ် စင်တာကို ပို့ဆောင်ကြပြီးတော့ အဲဒီက ထွက်ရှိတဲ့ အမှိုက်တွေကို ပြန်လည် သန့်စင်ဖို့ ဗာလ်ပါရိုင်ဆို ဆိပ်ကမ်းကို လှေသင်္ဘောနဲ့ ပို့ဆောင်ပေးပါတယ်။
ဒီဒေသခံကုမ္ပဏီဟာ သူ့ကိုယ်ပိုင်အမှိုက်ကို တာဝန်ယူတာဖြစ်ပြီးတော့ တခြားကုမ္ပဏီတွေကိုလည်း ဒါမျိုးလုပ်စေချင်တယ် လို့ အီစ်တာကျွန်းမှာ နေထိုင်သူ မာဟီယာ ပီရူပွန့်စ် က ပြောပါတယ်။
ရီဆိုင်ကယ်စင်တာ မန်နေဂျာ အလက်ဇန်ဒရာ တူကီက ဒီကြိုးပမ်းမှုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးမှုကို ဖန်တီးပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ကျွန်းနဲ့ ကမ္ဘာမြေကိုလည်း ပြန်လည်ကုစားရေး လုပ်ဆောင်ပေးတာလို့ ဆိုပါတယ်။
ဆိုရှယ်မီဒီယာမှာ ရာသီဥတု ဖောက်ပြန်ခြင်းရဲ့ သက်ရောက်မှု အထောက်အထားတွေကို နိုင်ငံ အများအပြားမှာ တွေ့ရှိနေရပြီလို့လည်း ဖော်ပြနေကြကြောင်း သူက ပြောသွားပါတယ်။
Source/Photo - Reuters