အမေရိကန်နဲ့ ဗြိတိန်ဟာ ယီမင်နိုင်ငံက ဟူသီသူပုန်တွေကို လေကြောင်းနဲ့ ရေကြောင်းက တိုက်ခိုက်ခဲ့အပြီးမှာ ပင်လယ်နီဒေသတွင်း အခြေအနေ ပိုမိုတင်းမာလာမှုနဲ့အတူ ရေနံစျေးနှုန်းတွေလည်း ခုန်တက်သွားတယ်လို့ ဇန်နဝါရီ ၁၂ ရက် ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အစ္စရေး-ဟားမတ်စ် ဂါဇာစစ်ပွဲကနေ ဒေသတွင်းပဋိပက္ခ အားကောင်းလာချိန်မှာ ပင်လယ်နီထဲက ဟူသီတွေက ကုန်တင်သင်္ဘောကြီးတွေကို တိုက်ခိုက်မှုကြောင့် ခေါင်းခဲစရာကိစ္စ ဖြစ်လာပါတယ်။
ဘရန့် ရေနံစိမ်းစျေးက ၂ ရာခိုင်နှုန်း ခုန်တက်ပြီး တစည်ကို ၇၉ ဒေါ်လာ ဖြစ်လာသလို ယူအက်စ် တက္ကဆက် WTI ရေနံစိမ်းစျေးကလည်း ၂ ဒသမ ၁ ရာခိုင်နှုန်း တက်လာခဲ့ပြီး ၇၃ ဒသမ ၅၅ ဒေါ်လာ ရှိပါတယ်။
ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျ ကတော့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့နဲ့ ပင်လယ်နီဒေသ တည်ငြိမ်ရေးဟာ လွတ်လပ်တဲ့ ရေကြောင်းသွားလာမှုအတွက် အရေးကြီးကြောင်း ထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters