Home
သတင်းဓာတ်ပုံ
ချင်းမိုင်တွင်ကျင်းပသည့် လားဟူနှစ်သစ်ကူးပွဲတော် (ဓာတ်ပုံ)
DVB
·
January 12, 2024
Lahu13_12012024
Lahu12_12012024
Lahu11_12012024
Lahu10_12012024
Lahu09_12012024
Lahu08_12012024
Lahu07_12012024
Lahu06_12012024
Lahu05_12012024
Lahu04_12012024
Lahu03_12012024
Lahu02_12012024
Lahu01_12012024

ကမ္ဘာအနှံ့မှာ ပျံ့နှံနေတဲ့ လားဟူတိုင်းရင်းသားလူမျိုးတွေ စုပေါင်းပြီး ကျင်းပတဲ့ ပထမအကြိမ် နိုင်ငံတကာ လားဟူနှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။

နှစ်သစ်ကူး ပထမရက်မှာတင် မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် စတဲ့ နိုင်ငံတကာက လားဟူလူမျိုး ထောင်နဲ့ချီ ပါဝင်တက်ရောက်နေကြတာပါ။

လားဟူလူမျိုးတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီနဲ့ ကျောက်မဲမြို့တွေမှာ အများဆုံးနေထိုင်ကြသလို တရုတ်၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နိုင်ငံတွေမှာလည်း ပျံ့နှံ့နေထိုင်ကြပါတယ်။

လားဟူတိုင်းရင်းသားတွေရဲ့ တနှစ်တာ ရာသီကာလအတွင်း ကျင်းပတဲ့ ပွဲတော်တွေထဲမှာ စုပေါင်းနှစ်သစ်ကူးပွဲတော်ဟာ အထွတ်မြတ်ဆုံး၊ အကြီးကျယ်ဆုံး ပွဲတော်တခု ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024