အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ပါလက်စတိုင်းနိုင်ငံအတွက် လမ်းကြောင်းတခု ကမ်းလှမ်းပေးဖို့ အစ္စရေးခေါင်းဆောင်တွေကို ဖိအားပေးခဲ့ပြီးနောက်မှာ ဇန်နဝါရီ ၁၀ ရက်က အစ္စရေးတို့ သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ဥက္ကဋ္ဌ မာမွဒ် အက်ဘာ့စ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဇန်နဝါရီ ၉ ရက်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့ရဲ့ စစ်ပွဲဆိုင်ရာ အစိုးရအဖွဲ့တို့နဲ့ တွေ့ဆုံခဲ့ပြီး ဟားမတ်စ်တို့နဲ့ ဖြစ်ပွားနေတဲ့ အစ္စရေးစစ်ပွဲ၊ ဒေသတွင်း တင်းမာမှုတွေနဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွေရဲ့ အနာဂတ်အရေးကိစ္စတွေ အပေါ် ဆွေးနွေးခဲ့ပြီး နောက်တရက်အကြာမှာ ဒီခရီးစဉ် ပေါ်ပေါက်လာတာပါ။
ဘလင်ကန်ဟာ သူတို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲဖို့နဲ့ သူတို့ရဲ့အုပ်ချုပ်မှု တိုးတက်စေဖို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ရဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်ပြီး အက်ဘာ့စ်နဲ့ ဆွေးနွေးမှာဖြစ်ကြောင်း အင်္ဂါနေ့ညနေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အသက် ၈၈ နှစ်ရှိ အက်ဘာ့စ်ဟာ စစ်ပြီးခေတ် ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်ဖို့ ပြင်ဆင်မှုမှာ အဖွဲ့အစည်းကို ပြန်လည်တည်ထောင်မှုလုပ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ ဝါရှင်တန်က အမြင်သဘောထား ရှိနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters