အမေရိကန်နဲ့ သူ့မိတ်ဖက်တွေက ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်အလွှဲအပြောင်းလုပ်မှု တွေကို ရှုတ်ချခဲ့ပြီးနောက် ခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အခုသီတင်းပတ်အတွင်း လက်နက် စက်ရုံတွေကို သွားရောက် လည်ပတ်ခဲ့ကြောင်း အစိုးရပိုင်ရုပ်သံ KRT က ဇန်နဝါရီ ၁၀ ရက်မှာ ဖော်ပြပါတယ်။
ကင်မ်က တောင်ကိုရီးယားကို သူ့နိုင်ငံအတွက် “အဓိကရန်သူ” လို့ ပြောကြားခဲ့ကြောင်းနဲ့ ဆိုးလ်ဟာ မြောက်ကိုရီးယားနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ လှုံ့ဆော်နေပြီး ရန်လိုနေတဲ့ နိုင်ငံဟာ စစ်ရေးတည်ထောင်မှု လုပ်ဆောင်နေတယ်လို့လည်း စွပ်စွဲခဲ့ကြောင်း KRT သတင်းမှာ ဖတ်ကြားသွားပါတယ်။
ကင်ဂျုံအွန်းဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုနဲ့ နျူကလီးယားစစ်ပွဲ အဟန့်အတား လုပ်နိုင်အောင် သူ့ရဲ့စစ်တပ်စွမ်းရည်ကို မြှင့်တင်ဖို့လည်း သူ့နိုင်ငံကို တိုက်တွန်းထားပါတယ်။
ဇန်နဝါရီ ၈ ရက်နဲ့ ဇန်နဝါရီ ၉ ရက် တို့မှာ ကင်ဂျုံအွန်းရဲ့ လက်နက်ခဲယမ်းစက်ရုံကို သွားရောက်ခဲ့ပြီး မိုဘိုင်းတာတိုပစ်ဒုံးကျည် ပစ်လွှတ်တဲ့ ယာဉ်တွေကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း ပြသထားတဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းအေဂျင်စီ KCNA က ထုတ်ပြန်ခဲ့ ပါတယ်။
မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်တွေကို ရုရှားက ဝယ်ယူပြီး ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးချနေတဲ့အပေါ် နိုင်ငံပေါင်း ၅၀ နီးပါးက ရှုတ်ချကြောင်း ကြေညာချက် ထွက်လာအပြီးမှာ သူ့ရဲ့ခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။
Source/Photo - Reuters