အာဆင်နယ်အသင်းဟာ ဒဏ်ရာသက်သာလာတဲ့ သောမက်စ်ပါတေးကို နော်တင်ဟမ်ဖာရက်စ်နဲ့ ပွဲမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂါနာကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ပေါင်ခြံဒဏ်ရာကြောင့် အနားယူနေရတာပါ။
သူဟာ လက်ရှိအချိန်မှာ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၃၀ ရက်မှာ ကစားမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အသင်းဘက်က မျှော်မှန်းထားတာပါ။
ပါတေးဟာ နိုင်ငံအသင်းနဲ့အတူ အာဖရိကဖလားမှာ ပါဝင်ကစားဖို့ရှိပေမယ့် အာဆင်နယ်နဲ့ ဂါနာအသင်းတို့ ဆွေးနွေးခဲ့ပြီးနောက်မှာ နိုင်ငံအသင်းနဲ့ မပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပါတေးပြန်လာတော့မယ့်သတင်းဟာ သုံးပွဲဆက်တိုက် ရှုံးပွဲတွေ့လို့ ဝေဖန်ခံနေရတဲ့ နည်းပြအာတေတာအတွက် သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။
Photo - Reuters/Peter Cziborra