Home
မြန်မာသတင်း
လက်နက်ကြီးကြောင့် မင်းပြားပြည်သူ ၁ ဦးသေပြီး ၇ ဦးဒဏ်ရာရ၊ ဘူးသီးတောင်ပြည်သူ ၄ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
January 10, 2024
minnpyar1_10012024
minnpyar2_10012024
minnpyar3_10012024
minnpyar_10012024

ရခိုင်ပြည်နယ် မင်းပြားမြို့မှာ ဇန်နဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းကစလို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မင်းပြားအခြေစိုက် စစ်ကောင်စီ တပ်ရင်းတွေက ရပ်ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ယောက် သေဆုံးကာ ပြည်သူ ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဖားပြိုကျေးရွာမှာ ကျရောက်ပေါက်ကွဲပြီး အသက် ၅၇ နှစ်အရွယ် ဦးမောင်ကျော်မြကို လက်နက်ကြီးကျည်စထိမှန်ကာ အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့လို့ မြို့မတောင်ကျောင်းက အသက် ၆၀ အရွယ် ဆရာတော် အရှင်ကဝိသာရ၊ သေကန်ရွာက ဒေါ်ဦးဝေမ၊ ကိုမျိုးသန့်၊ ပြည်တော်လှရပ်ကွက်က ဦးမောင်မြင့်၊ ဦးမောင်ကျော်ထွန်း၊ အမ်းသားကျေးရွာက ဒေါ်ဝင်းမချေနဲ့ ဖားပြိုရွာကို မြေပုံမြို့နယ်ဘက်က စစ်ဘေးရှောင်လာတဲ့ မမျိုးသန်းနွယ်တို့မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွာမရပ်ကွက်မှာ ဇန်နဝါရီ ၁၀ ရက် မနက် ၄ နာရီလောက်က ဘူသီးတောင်အခြေစိုက် ခလရ ၂၆၃ မှ တပ်သားအင်အား ၃၀ ကျော်လောက် ရောက်လာပြီး ပြည်သူ ၃ ယောက်ကို ULA/AA နဲ့ ဆက်စပ်တယ်စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ ဘူးသီးတောင်မြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ရွာမရပ်ကွက်က အသက် ၃၂ နှစ်အရွယ် ကိုထွန်းနိုင်စိုး၊ အသက် ၂၈ နှစ်အရွယ် ကိုမောင်စောညွန့်၊ အသက် ၂၂ နှစ်အရွယ် ကိုဆင်ချေ နဲ့ အသက် ၂၇ နှစ်အရွယ် ကိုကျော်နိုင်စိုးတို့ဖြစ်ပြီး ခလရ ၂၆၃ စစ်ကောင်စီတပ်ရင်းထဲကို ခေါ်သွားကာ စစ်ကြောရေးလုပ်နေတယ်လို့ သတင်းကြားကြောင်း ဒေသခံက ပြောပါတယ်။

ဘူးသီးတောင်မြို့မှာ ဇန်နဝါရီ ၈ ရက် မနက်မှာလည်း ဒေသခံ ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဒေသခံပြည်သူ ၃၀၀ ကျော်ကို အေအေနဲ့ ဆက်စပ်တယ်လို့ သံသယမှုအပြင် ဒေသန္တရဥပဒေတွေနဲ့ပါ ဖမ်းဆီးခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ နေ့ရောညပါပစ်ခတ်နေတာကြောင့် နေအိမ်အဆောက်ဦတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိခိုက်ပျက်စီးကာ ဒေသခံပြည်သူ ၇၉ ယောက်သေဆုံးပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024