ရုရှားရဲ့ လျှို့ဝှက် နျူးကလီးယား အဖွဲ့အစည်းက တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နှုန်း ဆက်လက်မြင့်မားနေတာဟာ နိုင်ငံအတွက် အဓိကရည်မှန်းချက်ပဲလို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂူက ဇန်နဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေနဲ့ စစ်ဦးစီးမှူးတွေ အစည်းအဝေးမှာ ရွှိုင်ဂူက ခုလို ပြောလိုက်တာပါ။
“စစ်ရေးခြိမ်းခြောက်မှုတွေ၊ စစ်ရေးနဲ့ နိုင်ငံရေး ဘေးအန္တရာယ်တွေရဲ့ သဘောသဘာဝအရ ကာကွယ်ရေးဦးစီးချုပ်ဟာ ထိပ်တန်းဦးစားပေးနဲ့ စနစ်ကျတဲ့ လုပ်ငန်းတာဝန်တွေကို သတ်မှတ်ပေးပြီးပြီ။ အဓိကလုပ်ငန်းတွေထဲက တခုက ကမ္ဘာပေါ်မှာ ဗျူဟာမြောက် ဟန်ချက်ညီမှု သေချာစေရေးအတွက် နျူးကလီးယား လျှို့ဝှက်အဖွဲ့ရဲ့ အဆင်သင့်ဖြစ်မှု အမြင့်ဆုံးဖြစ်အောင် ထိန်းထားဖို့ပဲ” လို့ ရွှိုင်ဂူက ပြောပါတယ်။
ရုရှား ရင်ဆိုင်နေရတဲ့ စစ်ရေးနဲ့ နိုင်ငံရေး ဘေးအန္တရာယ်အသစ်တွေကြားမှာ ရုရှားရဲ့ လျှို့ဝှက် နျူးကလီးယားအဖွဲ့ရဲ့ အခန်းကဏ္ဍဟာ ပိုတိုးလာနေတယ်လို့ ၂၀၂၃ ဒီဇင်ဘာလမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။
Source/Photo-Reuters