အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်ဝမ်သံတမန် အလက်ဇန်းဒါး ယွီဟာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ် ဂျွန်ဆင်နဲ့ ဇန်နဝါရီ ၉ ရက်မှာ တွေ့ဆုံပါတယ်။
ထိုင်ဝမ်အစိုးရဟာ ဥရောပသမဂ္ဂဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ်ဟောင်း ယွီကို အမေရိကန်ဆိုင်ရာ ထိုင်ဝမ်သံတမန်အဖြစ် မနှစ် နှောင်းပိုင်းကမှ အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဆိုင်ရာ ထိုင်ဝမ်ကိုယ်စားလှယ်ဟောင်း ရှောင်းဘိကျင်းကတော့ ဒုသမ္မတအဖြစ် ရွေးကောက်ပွဲဝင်မှာဖြစ်လို့ ရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပြီး ရှောင်းဟာ လက်ရှိ ဒုသမ္မတဖြစ်သူ လိုင်ချင်းတဲ့ သမ္မတအဖြစ် ရွေးကောက်ပွဲဝင်ချိန်မှာ သူက ဒုသမ္မတအဖြစ် ရွေးကောက်ပွဲ တွဲဖက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
ထိုင်ဝမ်မဲဆန္ဒရှင်တွေဟာ ဇန်နဝါရီ ၁၃ ရက်မှာ အကြိတ်အနယ်ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲအတွက် မဲရုံတွေဆီသွားဖို့ တာစူနေပါတယ်။
တရားဝင်ဆက်ဆံရေး အားနည်းပေမဲ့ အမေရိကန်အစိုးရဟာ ထိုင်ဝမ်ရဲ့ အဓိက သံတမန်ရေး ကျောထောက်နောက်ခံပေးနေတဲ့နိုင်ငံဖြစ်သလို လက်နက်ထောက်ပံ့သူလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို လေးစားဖို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုထားပါတယ်။
တရုတ်က ထိုင်ဝမ်ကျွန်းကို သူ့ပိုင်နက် သင်းကွဲပြည်နယ်အဖြစ် ရှုမြင်ထားပြီး ထိုင်ဝမ်အစိုးရကတော့ တရုတ်ရဲ့ အခိုင်အမာပြောဆိုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
Source/Photo-Reuters