ဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်မှာ ကစားသမားတွေရဲ့ မိသားစုဝင်တွေကို အာဆင်နယ်အသင်းက လိုက်ပါ ခွင့်ပြုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အက်ဖ်အေဖလားမှာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့ပြီး ကရာ ဘောင်ဖလားပြိုင်ပွဲလည်း ကစားစရာမရှိတာကြောင့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ သွားရောက်လေ့ကျင့်မှာပါ။
ရလဒ်ဆိုးတွေကြုံတွေ့နေရတဲ့တိုင် ကစားသမားတွေအနေနဲ့ ချစ်ခြင်းမေတ္တာတရားလိုအပ် တာကြောင့် မိသားစုဝင်တွေကိုပါ လိုက်ပါခွင့်ပြုခဲ့တာဖြစ်ကြောင်း နည်းပြ အာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဒူဘိုင်းမှာ ၆ ရက်ကြာ လေ့ကျင့်ရင်း အနားယူမှာပါ။ အနီးစပ်ဆုံး ပွဲစဉ်အဖြစ် လာမယ့် ဇန်နဝါရီ ၂၀ ရက်မှာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ကစားသွားရမှာ ဖြစ်ပါတယ်။
Photo - Reuters