ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ် အမေရိကန်ရဲ့ လပေါ်ဆင်းသက်လေ့လာဖို့ ကြိုးစားမှုအဖြစ် စက်ရုပ်လဆင်းယာဉ်တစင်းကို ဇန်နဝါရီ ၈ ရက်က လွှတ်တင်လိုက်ပါတယ်။
ဘိုးအင်းကုမ္ပဏီနဲ့ လောခ့်ဟိခ်မာတင်ကုမ္ပဏီတို့ ပူးပေါင်းထူထောင်ထားတဲ့ အက်စ်ထရိုဘိုင်အိုတစ်ကုမ္ပဏီက တည်ဆောက်ထားတဲ့ လဆင်းယာဉ်ကို အမဲလိုက်သိမ်းငှက်ကို အစွဲပြုပြီး Peregrine လို့ အမည်ပေးထားပါတယ်။
အာကာသယာဉ်တွေ လွှတ်တင်နေကျနေရာဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊ ကာနီဗယ်အငူကပဲ ပထမဆုံးအကြိမ် ဗက်လ်ကန်ရော့ကတ်သုံးပြီး လွှတ်တင်တာဖြစ်ပါတယ်။
ဗက်လ်ကန်ဒုံးပျံကိုလည်း ဘိုးအင်းနဲ့ လော့ခ်ဟိခ်မာတင်တို့ ပေါင်းပြီးဖွဲ့ထားတဲ့ ယူနိုက်တက်လောင့်ချ် အလိုင်းယန့်စ် (ULA) ဆိုတဲ့ ကုမ္ပဏီက ထုတ်တာဖြစ်ပါတယ်။
ULA ဟာ အီလွန်မတ်စ်ခ်ရဲ့ SpaceX ကထုတ်တဲ့ ဖယ်လ်ကန် ရော့ကတ်တွေနဲ့အပြိုင် သုံးနိုင်ဖို့ ဗက်လ်ကန်ကို ထုတ်တာဖြစ်ပါတယ်။
လွှတ်တင်မှုအောင်မြင်ခဲ့ပြီး လပေါ်မှာသာ မပျက်မစီး ဆင်းသက်နိုင်မယ်ဆိုရင် ၁၉၇၂ ခုနှစ်နောက်ဆုံး အပိုလိုအာကာသယာဉ် ဆင်းသက်မှုနောက်ပိုင်း ပထမဆုံး အမေရိကန်ရဲ့ လပေါ်ဆင်းသက်လေ့လာမှု ဖြစ်လာမှာပါ။
ပုဂ္ဂလိကကုမ္ပဏီတခုက ပထမဆုံးအကြိမ် လပေါ်ဆင်းသက်မှုအဖြစ်လည်း သမိုင်းဝင်မှာ ဖြစ်ပါတယ်။
Source/Photo-Reuters