ဗြိတိန်ရေဘေးကာကွယ်ရေးအတွက် စတာလင်ပေါင် ၅ ဒသမ ၂ ဘီလီယံ (ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ) အသုံးပြုမယ်လို့ ဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ်က ပြောပါတယ်။
ဗြိတိန်နိုင်ငံမှာ ရေဘေးသက်ရောက်မှုကို ကိုင်တွယ်ဖြေရှင်းနေချိန် ဝန်ကြီးချုပ် ဆူးနတ်ခ်ဟာ အင်္ဂလန်နယ် အောက်စ်ဖို့ဒ်မြို့က အော်စနီကျွန်းမှာ ဇန်နဝါရီ ၇ ရက်က သဘာဝပတ်ဝန်းကျင်အေဂျင်စီ ဝန်ထမ်းတွေနဲ့ စကားပြောခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်အေဂျင်စီက ဝန်ထမ်းအယောက် ၁,၀၀၀ ကျော်က ဒေသခံ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့လည်း ဆူးနတ်ခ်က ပြောပါတယ်။
အင်္ဂလန်နိုင်ငံက မြစ်အများအပြားမှာ မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် မြင့်နေတုန်းပဲလို့ သဘာဝပတ်ဝန်းကျင်အေဂျင်စီက လူမှုကွန်ရက်မီဒီယာက ထုတ်ပြန်ထားပါတယ်။
ဗြိတိန်မှာ မကြာသေးမီ သီတင်းပတ်တွေအတွင်း လေပြင်းမုန်တိုင်းတွေ ဝင်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီ ၄ ရက်ကစပြီး ဆက်တိုက်ဆိုသလို မိုးရွာခဲ့လို့ အင်္ဂလန်နဲ့ ဝေလနယ်တဝန်းက မြစ်တွေနဲ့ ရေလမ်းကြောင်းတွေ အမြန် ရေကြီးရေလျှံခဲ့ပါတယ်။
Source/Photo-Reuters