Home
အနုပညာ
အဏုမြူဗုံးအကြောင်း ရိုက်ကူးထားသည့် Oppenheimer ရုပ်ရှင် ရွှေကမ္ဘာလုံးဆု ၅ ဆုရ 
DVB
·
January 8, 2024
81st Annual Golden Globe Awards in Beverly Hills

ဟောလိဝုဒ် နာမည်ကျော်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသား ဆီလီယမ် မော်ဖီ၊ ရော ဘတ်ဒေါင်နီ ဂျူနီယာနဲ့ သရုပ်ဆောင်မင်းသမီး အမ်မလီ ဘလန့်ထ်တို့ ခေါင်းဆောင်ပါ ဝင်ထားခဲ့ကြတဲ့ နာမည်ကြီး Oppenheimer ရုပ်ရှင်က အခုနှစ်ရဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဆု ၅ ဆုနဲ့ ဆုအများဆုံးသိမ်းပိုက်သွားပါတယ်။

ဒီကားကတော့ ဒုတိယကမ္ဘာစစ်ကာလက အဏုမြူဗုံးတည်ဆောက်ရေးပရောဂျက်ရဲ့ အဓိကတာဝန်ရှိသူ J. Robert Oppenheimer အကြောင်း အမေရိကန် စာရေးဆရာ ခိုင် ဘာ့ဒ်က ရေးသားခဲ့တဲ့ American Prometheus အတ္ထုပ္ပတ္တိကို ရုပ်ရှင်အနေနဲ့ နာမည်ကျော် ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်က ပုံဖော်ရိုက်ကူးထားခဲ့တာပါ။

အခုနှစ်ရဲ့  ၈၁ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲမှာတော့ Oppenheimer ရုပ်ရှင်က ဆန်ကာတင်ဆု ၈ ဆုနဲ့ ပါဝင်ခဲ့တာဖြစ်ကာ အကောင်းဆုံး ဒရာမာ ရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အဓိက ဇာတ်ဆောင်မင်းသားဆု၊ ဇာတ်ပို့မင်းသားဆုတွေအပါအဝင် ဆု ၅ ဆုထိ ရရှိသွားခဲ့ပါတယ်။

အကောင်းဆုံး သရုပ်ဆောင်မင်းသမီး ဒရာမာဆုကိုတော့ သရုပ်ဆောင်မင်းသမီး လီလီဂလက်ဒ် စတုန်းက Killers of the Flower Moon ရုပ်ရှင်နဲ့ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဂီတဇာတ်မြူးအမျိုးအစားအတွက်မှာတော့ Poor Things ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆုနဲ့ အဲဒီကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အမ်မာစတုန်းကအ ကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆုကို ရရှိသွားခဲ့တာပါ။

The Holdovers ရုပ်ရှင်ကားထဲက သရုပ်ဆောင်မင်းသား ပေါလ် ဂီယာမာတီကတော့ အကောင်းဆုံးသရုပ်ဆောင်မင်းသားဆု ရရှိသွားပါတယ်။

Best film – drama

Oppenheimer – WINNER

Photo-REUTERS/Mario Anzuoni

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024