စလိုဗေးနီးယားနိုင်ငံ အနောက်တောင်ပိုင်းက ဂူတခုမှာ မိုးသည်းထန်ပြီး ရေတွေမြင့်တက်ခဲ့လို့ ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းကစပြီး လူငါးယောက် အထဲမှာ ပိတ်မိနေခဲ့ပါတယ်။
သူတို့ကို ကယ်ဆယ်ရေးသမားတွေက ဘေးကင်းကင်းကယ်ထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ ဒေသခံ မီဒီယာက ဇန်နဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မိသားစုဝင် ၃ ဦးနဲ့ ခရီးသွားလမ်းညွှန် ၂ ဦးတို့ ပါတဲ့အဖွဲ့ဟာ လှေနဲ့သာ လည်ပတ်နိုင်ပြီး ၈ ဒသမ ၂ ကီလိုမီတာ ရှည်လျားတဲ့ ခရစ္စနာယာမာ လိုဏ်ဂူအတွင်း ဘေးကင်းလုံခြုံတဲ့နေရာမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။
စနေနေ့ညနေပိုင်းမှာ ကယ်ဆယ်ရေးသမားတွေဟာ အဖွဲ့ဆီ ခဏရောက်လာခဲ့ပြီး အစားအစာ၊ ရေနဲ့ အပူပေးထားတဲ့ တဲတလုံးတို့ကို ပေးပို့နိုင်ခဲ့တယ်လို့ ဒေသခံ အရပ်ဘက်ကာကွယ်ရေး အရာရှိတွေက တနင်္ဂနွေနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဖွဲ့ဟာ ဂူဝင်ပေါက်ကနေ နှစ်ကီလိုမီတာကျော် အကွာအဝေးမှာ ရှိနေလို့ ရေငုပ်သမားအဖွဲ့ရောက်ဖို့ သုံးနာရီကနေ လေးနာရီအထိ အချိန်ယူရမယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
နောက်ဆုံးကယ်ဆယ်ရေးက ရေမျက်နှာပြင် ကျသွားချိန်အပေါ် မူတည်မယ်လို့ STA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကယ်ဆယ်ရေးက တနင်္ဂနွေတညလုံး ဖြစ်နိုင်သလို ရက်နည်းနည်း ကြာနိုင်တယ်လို့လည်း ဆိုထားပါတယ်။
Source/Photo-Reuters