ယူကရိန်းမြို့တော် ကိယက်ဗ်ကို ပထမဆုံး လာရောက်လည်ပတ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမိကာဝါကို သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၇ ရက်နေ့မှာ တွေ့ဆုံခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မကြေညာတဲ့ ခရီးစဉ်အတွင်း ယူကရိန်းအတွက် ဂျပန်နိုင်ငံက ဆက်ပံ့ပိုးကူညီမယ်လို့ ကတိပြုခဲ့ပါတယ်။
ယိုကို ကာမိကာဝါက “ကျမ နိုင်ငံခြားရေးဝန်ကြီး မဖြစ်ခင်တည်းက ယူကရိန်းရဲ့ အခြေအနေတွေကို ကျမ လိုက်ကြည့်ခဲ့တယ်။ အထူးသဖြင့် ဆောင်းရာသီမှာ အခြေအနေတွေကို အင်မတန် စိုးရိမ်ခဲ့တယ်” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်မှာ လက်ခံကျင်းပမယ့် ဂျပန်-ယူကရိန်း ဆွေးနွေးပွဲမှာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ပြီး ယူကရိန်း ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေး ဆိုင်ရာ ကတိကဝတ်ကို ဂျပန်နိုင်ငံက အခိုင်အမာ ပြသမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters