ဂျပန်နိုင်ငံမှာ နှင်းတွေနဲ့ ရေခဲမိုးရွာချမှုတွေကြောင့် ကယ်ဆယ်ရေးနဲ့ သက်သာပြေလျော့ကူညီရေး လုပ်ငန်းတွေ အဟန့်အတားဖြစ်နေရပေမယ့် နှစ်သစ်ကူးနေ့ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ဒေသတွေဆီကို ထောက်ပံ့ရေးပစ္စည်းတွေကို ပေးပို့ဖို့ အစိုးရက ချက်ချင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ က ဇန်န၀ါရီ ၇ ရက်မှာ ပြောပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးပြဿနာတွေကိုဖြေရှင်းဖို့ အထူးအဖွဲ့ အစည်းအဝေးအပြီး မီဒီယာကို ပြောကြားရာမှာ ဒေသတွင်း ဆီးနှင်းမိုးတွေ ညလုံးပေါက် ရွာချနိုင်ကြောင်း ခန့်မှန်းထားတာကြောင့် အစိုးရက စောင်တွေ၊ လောင်စာဆီလိုမျိုး အထောက်အပံ့တွေ ပို့ပေးမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ခီရှီဒါ့က ပြောပါတယ်။
ပြင်းအား ၇ ဒသမ ၆ ရှိတဲ့ ငလျင်ဒဏ်ကနေ အသက်ရှင်ကျန်ခဲ့သူတွေမှာ လူပေါင်း ၃ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး သောင်းနဲ့ချီတဲ့ လူနေအိမ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ရတဲ့အပြင် နိုတိုကျွန်းဆွယ်မှာ ဆိုးရွားတဲ့ ရာသီဥတုလည်း ဆက်ကြုံနေရတာကြောင့် ဒေသခံပြည်သူတွေအတွက် အနှောင့်အယှက် ဖြစ်ရပါတယ်။
မုန်တိုင်းကြောင့် လူပေါင်း ၁၂၆ ဦးထက်မနည်း သေဆုံးပြီး ၂၂၂ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။
Source/Photo - Reuters