ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ပေါ့ခ်ရို့ဗ်စ်ခ် မြို့မှာ ရုရှားဒုံးကျည် ပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၆ ရက်က ကလေး ၅ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း ထိန်းချုပ်ထားတဲ့ ဒွန်နက်စ်ခ်ဒေသရဲ့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ဒါဟာ ပေါ့ခ်ရို့ဗ်စ်ခ် ခရိုင်မှာ အခုလောလောဆယ် တိုက်ခိုက်ခံရမှုရဲ့ အကျိုးဆက်တွေ ဖြစ်တယ်လို့ ဒွန်နက်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ဗာဒင်မ် ဖှီလက်ရှ်ကင်န် က တယ်လီဂရမ် အက်ပ်မှာ ရေးသားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီး က အနည်းဆုံး လူ ၁၀ ဦး သေဆုံးပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း သူ့ရဲ့နေ့စဉ် ညနေခင်း မိန့်ခွန်းထဲမှာ ပြောပါတယ်။
ရိုက်တာစ်ကတော့ တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲလို့ ဆိုထားတဲ့ ယူကရိန်းအာဏာပိုင်တွေ မျှဝေထားတဲ့ လက်ကမ်းဓာတ်ပုံတွေရဲ့ တည်နေရာနဲ့ ရက်စွဲတို့ကို ရိုက်တာစ်က အတည်မပြုနိုင်သေးပါဘူး။
ပေါ့ခ်ရို့ဗ်စ်ခ်ဟာ ယူကရိန်းပိုင်နယ်မြေထဲမှာရှိပြီး ရုရှားရဲ့ဗဟိုချက်ဖြစ်တဲ့ ဒွန်နက်စ်ခ်ရဲ့ အနောက်မြောက်ဘက် ၈၀ ကီလိုမီတာ အကွာမှာ တည်ရှိနေပါတယ်။
Source/Photo - Reuters