Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲအတွက် တာဝန်ခွဲယူရန် အီးယူကို ဂျာမနီ တောင်းဆို
DVB
·
January 7, 2024
Germany EU_07012024

ယူကရိန်းစစ်ပွဲရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေတာဝန်ယူပေးဖို့ ဂျာမနီနိုင်ငံက ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေကို ဇန်နဝါရီ ၆ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

“ဂျာမန်အစိုးရက ယူကရိန်းအတွက် ပိုလုပ်ပေးပြီး အားကောင်းတဲ့ တခြားဥရောပ အင်အားကြီး နိုင်ငံတွေက လျှော့လုပ်ရမယ်ဆိုတဲ့ အချက်ကို လက်မခံနိုင်ဘူး။ ခုလို အချိန်ကာလအတွင်း အတူတကွရပ်တည်နိုင်တဲ့ တန်ဖိုးတွေနဲ့ အသိုက်အဝန်းတစ်ခု ဖြစ်ကြောင်း ပြသရမယ့်အချိန်”လို့ ဂျာမန် ဘဏ္ဍာရေးဝန်ကြီး ခရစ်စီယံ လင်ဒ်နာက Free Democrats (FDP) ပါတီ အစည်းအဝေးအတွင်း မိန့်ခွန်းပြောရာမှာ ပြောပါတယ်။ 

အီးယူနဲ့ အဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက် ပြီးတဲ့နောက် ယူကရိန်းကို စစ်ရေးအကူအညီ အကြီးမားဆုံးပေးနေတဲ့ အလှူရှင်တွေစာရင်းမှာ ပါဝင်ခဲ့ပြီး ယူရို ၂၅ ဘီလီယံတန်ဖိုးရှိတဲ့ လက်နက်နဲ့ ပစ္စည်းတွေကို ပေးအပ်ခဲ့တယ်လို့ EU သံတမန်ရေးရာဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဂျာမန်အဓိပတိ အောလော့ဖ် ရွှိုက်ဇ်ရဲ့  အုပ်ချုပ်မှုညွန့်ပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာအကူအညီကို ယူရို ၈ ဘီလီယံ (ဒေါ်လာ ၈ ဒသမ ၇ ဘီလီယံ) ထိ နှစ်ဆတိုးမြှင့်ရေး မူအရ သဘောတူခဲ့တယ်လို့ အဲဒီအချိန်က ဘာလင်မြို့တော်မှာ ရှိနေတဲ့ နိုင်ငံရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024