ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီသီတင်းပတ်ကုန် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ဇန်နဝါရီ ၅ ရက်က မြို့တော်ဒါကာမှာ ခရီးသည်တင်ရထားတစီး မီးလောင်ထားပြီး ရထားတွဲပေါ်မှာ အနည်းဆုံး လူ ၄ ဦး သေဆုံးထားတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
မီးလောင်သွားတဲ့ ရထားပေါ်က ရုပ်အလောင်းတွေ လောင်ကျွမ်းပြာကျ မသွားခင်မှာဘဲ မီးသတ်သမားတွေဟာ ဒါကာ မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အဝေးပြေးရထားပေါ်မှာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းစာ ဒါကာ ထရီဗျူးန်က ဖော်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီ ၇ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
မနှစ်က IMF ကနေ ထောက်ပံ့ကြေးရရှိဖို့အတွက် လိုအပ်တဲ့ စီးပွားရေးရှုထောင့်က ဆိုးရွား နေပေမဲ့လည်း ဝန်ကြီးချုပ် ရှိခ်ဟာစီနာက သူ့အတွက် ၄ ကြိမ်မြောက် သက်တမ်းကို ဆက်တိုက် အနိုင်ရဖို့ စီစဉ်လုပ်ဆောင်နေပါတယ်။
Source/Photo - Reuters