ဂါဇာကမ်းမြောင်က ဒုတိယအကြီးဆုံးမြို့ ခန်ယူနစ်မှာရှိတဲ့ ယာယီဆေးရုံအတွက် အရေးပေါ် လိုအပ်နေတဲ့ လူသားချင်းစာနာမှုနဲ့ ဆေးဝါးအကူအညီ ၇ တန်လောက်ကို ပြင်သစ်နဲ့ ဂျော်ဒန် လေတပ်က ကြဲချပေးခဲ့တယ်လို့ ပြင်သစ်သမ္မတရုံးက ဇန်နဝါရီလ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဂျော်ဒန်က အရင်ကလည်း ဂါဇာမှာ အခုလိုအကူအညီတွေကြဲချပေးဖူးပါတယ်။
ပြင်သစ်က ဂါဇာကို အရင်ကလည်း အကူအညီ တန် ၁၀၀၀ လောက် ပို့ဖူးပေမဲ့ လေကြောင်းက ကြဲချပေးတာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဇန်နဝါရီ ၄ ရက် ညပိုင်းမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းပျံသန်းကြဲချမှုကို အစ္စရေး သဘောတူညီချက်နဲ့လုပ်သလား၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ခဲ့သလားဆိုတာကိုတော့ တာဝန်ရှိသူ တွေက ဖြေကြားပေးဖို့ငြင်းဆန်ပါတယ်။
အစ္စရေးနဲ့ ဂျော်ဒန် လေယာဉ် ၁ စင်းစီ ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာလတုန်းကတော့ ဂျော်ဒန်ရဲ့ အလားတူလေကြောင်းက အကူအညီကြဲချပေးတာကို ခွင့်ပြုပေးခဲ့ပါတယ်။
ဂါဇာက ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးထိုးစစ်ဆင်မှုကြောင့် သေဆုံးသူ ၂၂၆၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။
Source/Photo - Reuters