တရုတ်နဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာကြီးအတွက် မရှိလဲဖြစ်တဲ့ ရွေးချယ်စရာ မဟုတ်တော့ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံနဲ့ အမေရိကန်တို့ကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်မြောက် အထိမ်းအမှတ် တရုတ်မြို့တော် ဘေဂျင်းက အခမ်းအနားတခုမှာ သူက ခုလို ပြောလိုက်တာပါ။
နှစ်နိုင်ငံကြား အပြန်အလှန်ဖလှယ်မှုမှာ ရင်ဆိုင်နေရတဲ့ အတားအဆီးအားလုံးကို ဖယ်ရှားပစ်ဖို့နဲ့ မှားယွင်းတဲ့ သတင်းစကားတွေနဲ့ ဖန်တီးထားတဲ့ အတွေးအခေါ် ထင်မြင်ချက် လေသံတူတဲ့လူ့ အသိုင်းအဝိုင်းမျိုးစုံကို ထိုးဖောက်ဝင်ရောက်ဖို့ အလုပ်တွေ လုပ်ကြဖို့ လိုတယ်လို့ ဝမ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့တရုတ် နှစ်ဖက်စလုံးဟာ နိုင်ငံခြားရေးရာ၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေးနဲ့ တခြား နယ်ပယ်တွေကို အပြည့်အဝ ဆက်အသုံး ချပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ဆက်သွယ်ဖို့ ယန္တရားတွေကို ပြန်ထူထောင်တာတွေ ဆက်လုပ်သင့်တယ်လို့ ဝမ်က ပြောခဲ့ပါတယ်။
Source/Photo-Reuters