ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘိုင်တူမူခါလမ် အမျိုးသားဗလီအပြင်ဘက်မှာ အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့လို့ လူ ၃ ဦးထက်မနည်း ဇန်နဝါရီ ၅ ရက်က ဖမ်းခံရပါတယ်။
သောကြာနေ့ဝတ်ပြုပွဲအပြီးမှာ ဗလီအပြင်ဘက်မှာ ဆန္ဒပြပွဲတွေ ကောက်ကာ ငင်ကာ ပေါ်လာခဲ့တာပါ။
လုံထိန်းတွေနဲ့ မီဒီယာတွေက ဝိုင်းရံထားချိန် အစိုးရဆန့်ကျင်ရေးနဲ့ မဲမပေးရေး ကြွေးကြော်သံတွေ ကို ကြားခဲ့ရပါတယ်။
အစ္စလာမ်မီ အန်ဒိုလန် ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်နိုင်ငံရေးပါတီက အဖွဲ့ဝင် မွတ်တား မူလာက ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲကို ပြည်သူတွေ သပိတ်မှောက်ဖို့ တောင်းဆိုခဲ့ပါတယ်။
“မဲရုံကို ဘယ်သူမှ မသွားသင့် ပါဘူး။ ဒါဟာ မိုက်မဲတဲ့ ရွေးကောက်ပွဲပါပဲ”လို့ သူက မီဒီယာတွေကို ပြောခဲ့ပါတယ်။
လူဦးရေ ၁၇၂ သန်းရှိတဲ့ တောင်အာရှနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်မှာ အထွေထွေရွေးကောက်ပွဲကို တနင်္ဂနွေနေ့မှာ ကျင်းပမှာပါ။
၀န်ကြီးချုပ် ရှိတ်ခ် ဟာစီနာက သူ့ရဲ့ စတုတ္ထမြောက်သက်တမ်းအတွက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source/Photo - Reuters