အသင်းရဲ့ရှိရင်းစွဲ လူစာရင်းကို ပိုမိုအားကောင်းလာစေဖို့ ကြိုပမ်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အသင်းဖော်ဟောင်း အဲရစ်ဒိုင်ယာကို ခေါ်ဖို့ အကြိုသဘောတူညီမှု ရရှိထားပါတယ်။
ဘွန်ဒက်လီဂါ အင်အားကြီး ဘိုင်ယန်မြူးနစ်အနေနဲ့ စပါးနောက်ခံလူ အဲရစ်ဒိုင်ယာကို ခေါ်ယူသွားဖို့ ကစားသမားဖြစ်သူနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားနိုင်ခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ် စွယ်စုံကစားသမား တဦးဖြစ်တဲ့ အဲရစ်ဒိုင်ယာကို နည်းပြ တူချယ်အနေနဲ့ အသင်းလူစာရင်း ပိုမိုတောင့်တင်းလာစေဖို့ အားဖြည့်ခေါ်ယူသွားမှာဖြစ်ပြီး အခြားစောင့်ကြည့် နေဆဲ ကစားသမားတွေလည်း ရှိနေပါသေးတယ်။
ဘိုင်ယန်မြူးနစ်အနေနဲ့ ယခုဇန်နဝါရီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ချာလိုဘာ ကိုပါ ပစ်မှတ်စာရင်း ထည့်သွင်းထားပြီး အဲဒီကစားသမားကို ခေါ်ယူမယ်ဆိုရင်တော့ အဲရစ်ဒိုင်ယာ ထက် ငွေပိုသုံးရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
Photo-Reuters