ဘိုလီးဗီးယားနိုင်ငံအနောက်ပိုင်း အိုရူရိုနယ်မြေမှာ ကိုကင်း ၉ တန်နီးပါးကို စံချိန်တင် ဖမ်းဆီး ရမိခဲ့ပြီး ဒါဟာ ဘိုလီးဗီးယားမှာ အကြီးမားဆုံး အလုံးအရင်းလိုက် ဖမ်းမိတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ဇန်နဝါရီ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေရဲ့ ဒေသတွင်း လမ်းပေါ်တန်ဖိုး ဒေါ်လာ ၂၂၄ သန်း ရှိပြီး ဒါပေမယ့် တရားမဝင် ကုန်သွားပို့တဲ့ ဥရောပမှာဆို ဒီ့ထက် ၂ ဆ နီးပါး ဈေးပိုများတယ်လို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါးတွေကို ကုန်တင်ကားထဲက သစ်သားကြမ်းခင်းထဲမှာ ဝှက်ထားတာဖြစ်ပြီး သူတို့ရဲ့ တန်ဖိုးဟာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅၂၆ သန်းလောက်ရှိတယ်လို့ ဘိုလီးဗီးယားအစိုးရဝန်ကြီး အက်ဒွာဒို ဒလ် ကက်စ်တီလိုက ပြောကြားပါတယ်။
ဘိုလီးဗီးယားသမ္မတ လူးဝစ်စ် အာဆေကတော့ အကြမ်းဖျင်းအားဖြင့် ၈ ဒသမ ၈ တန် အလေးချိန်ရှိ တဲ့ ကိုကင်းဖမ်းဆီးရမိမှုဟာ တောင်အမေရိကနိုင်ငံမှာ မှတ်တမ်းရှိခဲ့သမျှထဲ အကြီးမားဆုံး ဖြစ်ကြောင်း လူမှုမီဒီယာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဒီစစ်ဆင်ရေးမှာ စီးနင်းမှု ၉ ခု ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူလို့ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူတွေအရ သိရပါတယ်။
Source/Photo-Reuters