Home
နိုင်ငံတကာ
အမေရိကန် ဒရုန်းပစ်ခတ်မှုကြောင့် အီရတ် ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး သေဆုံး
DVB
·
January 5, 2024
Iraq world 512024

မကြာသေးခင်က အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရမှုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ အီရတ် ပြည်သူ့စစ်ခေါင်းဆောင်တယောက်ကို  ဇန်နဝါရီ ၄ ရက်နေ့က ဘဂ္ဂဒက်မြို့မှာ အမေရိကန်စစ်တပ်က  လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ 

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့အရှေ့ပိုင်းရှိ အလ်-နူဂျာဘား ပြည်သူ့စစ်အဖွဲ့ အသုံးပြုတဲ့ စက်ရုံတခုမှာ ဒရုန်းတစီးက ဒုံးကျည် ၂ စင်းထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ အီရတ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

ဇန်နဝါရီ ၄ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီ အချိန်လောက်မှာ အမေရိကန်တပ်ဖွဲ့တွေဟာ ဟာရာကတ်-အလ်-နူဂျာဘားအဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ မွတ်ရှ်တခ် ဂျာဝဒ် ကာဇင်အလ်ဂျာဝါရီ ကို လိုအပ်သလောက်နဲ့ သင့်တင့်တဲ့ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုက်ဒါက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

အဘူ-တာကွာဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့စီစဉ်ခဲ့တာနဲ့ တိုက်ခိုက်မှုတွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဒီလုပ်ကြံမှုကြောင့် ဟန်အဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

အရေးကြီးတာက ဒီတိုက်ခိုက်မှုဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာဖြစ်ပြီး အရပ်သားတွေနဲ့ ဘာအခြေခံအဆောက်အအုံကိုမှ ထိခိုက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။

ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက ဒီတိုက်ခိုက်မှုကို ခုခံကာကွယ် ပြောကြားရင်း ISIS စစ်သွေးကြွအဖွဲ့ ပြန်လှုပ်ရှားမှာကို ဘယ်သူကမှ တွေ့မြင်ချင်မှာ မဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။

နူဂျာဘားဌာနချုပ်အတွင်းရှိ ယာဉ်တစ်စီးကို ဒုံးကျည်တွေ ထိမှန်ခဲ့ပြီး ဒေသခံအဖွဲ့မှူးတဦးနဲ့ သူ့လက်ထောက်တဦးတို့ အပါအဝင် လူလေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် သတင်းရင်းမြစ်တွေက ပြောပါတယ်။  သေဆုံးသူအရေအတွက်ကို ကျန်းမာရေး သတင်းရင်းမြစ်တွေက အတည်ပြုခဲ့ပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024