ပြင်သစ်ကလပ် ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်အမ်ဘာပေက သူ့အနာဂတ်နဲ့ ပက်သက်လို့ ဆုံးဖြတ်ထားတာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ရီရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။
ကာယကံရှင် ကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းနဲ့အတူ နောက်ထပ် ၁၂ လစာချုပ်သက်တမ်း ထပ်တိုးမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြင်သစ်စူပါဖလားပြိုင်ပွဲမှာ တူလောက်စ် အသင်းကို ၂ ဂိုးပြတ်နဲ့ နိုင်ပြီး ဒီရာသီအတွက် ပထမဆုံး ချန်ပီယံဆုဖလားကို ဆွတ်ခူးထားပါတယ်။
Photo-Reuters