Home
မြန်မာသတင်း
မြစ်ကြီးနားထောင်မှ အကျဉ်းသား ၉၀ ကျော်လွတ်လာ၊ နိုင်ငံရေးအကျဉ်းသား မပါဝင်
DVB
·
January 4, 2024
Myitkyina Prison_04012024

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာမှာ ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်ကနေ အကျဉ်းသား ၉၀ ကျော် လွတ်မြောက်လာပေမဲ့ နိင်ငံရေး အကျဉ်းသားတွေ မပါဝင်ဘူးလို့ မြစ်ကြီးနား အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုကြားရတာက အကျဉ်းသား ၉၀ ကျော်လွတ်တယ်၊ နိုင်ငံရေးမှုတွေကတော့ မပါဘူးလို့ ကြားတယ်။ ခိုးဆိုးနှိုက် မူးယစ်တွေ၊ လွတ်နီးပေါ့ဗျာ၊ လွတ်ဖို့ တနှစ်လောက် အလိုတွေပဲပါတယ် လို့တော့ သိရတယ်။” 

အကျဉ်းသား ၉၀ ကျော် လွတ်မြောက်လာမှုမှာ  အကျဉ်းကျခံနေတဲ့ KBC (ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်) ဥက္ကဋ္ဌ ဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကတော့ ပါဝင်လာခြင်း မရှိဘူးလို့ ကချင်နှစ်ခြင်းဘာသာဝင်တဦးဆီက သိရပါတယ်။

မြစ်ကြီးနား အကျဉ်းထောင်မှာ ကချင်ပြည်နယ်ဝန်းကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးအကျဉ်းသား အများအပြား အကျဉ်းကျခံနေဆဲ ဖြစ်ပါတယ်။

လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာပေးမှုမှာ တနိုင်ငံလုံးအနေနဲ့ အကျဉ်းသူ အကျဉ်းသား ၉၆၅၂ ဦး လွတ်မြောက်လာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024