အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အမေရိကန်က အရှေ့အလယ်ပိုင်းမှာ သိသာများပြားတဲ့ စစ်အင်အားကို ဆက်လက်ထားရှိသွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဇန်နဝါရီ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဂျွန်ကာဘီက “အမေရိကန်အနေနဲ့ အစ္စရေးနိုင်ငံကို ခုခံကာကွယ်ဖို့၊ ဂါဇာမှာရှိတဲ့ အရပ်သားတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပေးဖို့နဲ့ ဒေသတွင်းမှာရှိတဲ့ ကျနော်တို့ရဲ့ အမျိုးသားလုံခြုံရေး အကျိုးစီးပွားတွေကို ခုခံကာကွယ်ဖို့ မိတ်ဘက်အဖွဲ့အစည်း ပေါင်းစုံနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆက်လက် အာရုံစိုက်နေပါသေးတယ်” လို့ ပြောသွားပါတယ်။
အဲဒီထဲမှာ ပင်လယ်နီမှာ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှု လွတ်လပ်စွာ စီးဆင်းရေးကို အကာအကွယ်ပေးရေးက အဓိကအကျဆုံး ပါဝင်နေတာကြောင့် ဒီရည်မှန်းချက်တွေကို ပြီးမြောက်အောင်မြင်ဖို့အတွက် အမေရိကန်က အရှေ့အလယ်ပိုင်းမှာ အရေးပါတဲ့ စစ်အင်အားတခု ထူထောင်ထားပြီး ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နဲ့ မဟာမိတ်သင်္ဘောတွေ၊ လေယာဉ်တွေရဲ့ အခင်းအကျင်းမှာ ဝေဟင်နဲ့ ဒုံးကျည်ကာကွယ်ရေး စွမ်းရည်အပြင် ခိုင်မာတဲ့ ထောက်လှမ်းရေး၊ စောင့်ကြည့်ရေးနဲ့ ကင်းထောက်နိုင်စွမ်းတွေ ပါဝင်နေပြီး ထိုးစစ်နဲ့ ခံစစ်အင်အားကိုတော့ မဖော်ပြလိုဘူး လို့လည်း ဆိုပါတယ်။
သမ္မတဘိုင်ဒင်က ရှင်းရှင်းလင်းလင်း ပြောထားပြီးသလိုပဲ အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းရှိ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့နဲ့မှ ပဋိပက္ခ မဖြစ်ချင်သလို ဒေသတွင်းမှာလည်း အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စစ်ပွဲတွေ ကျယ်ပြန့်လာမှာကို မမြင်တွေ့လိုကြောင်းလည်း ဂျွန်ကာဘီက ဆိုပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့နဲ့ အကျိုးစီးပွားတွေ၊ မိတ်ဘက်တွေ၊ နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးတွေ လွတ်လပ်စွာ စီးဆင်းမှုကနေတော့ အလျော့ပါးခံမှာ မဟုတ်ဘူးလို့လည်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောသွားပါတယ်။
Source/Photo-Reuters
DVB