တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် နီးစပ်လာပြီလို့ ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်းနေပါတယ်။
တောင်ပံ တိုက်စစ်ကစားသမားကို ဆော်ဒီကလပ်တွေက ဒီနှစ်ထဲမှာ ခေါ်ယူဖို့ အသဲအသန် ကြိုးစားနေတဲ့ကြားကနေ လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။
ဆာလာရဲ့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လက်ရှိ ဦးဆောင်နေပြီး ချန်ပီယံ ပြေးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရွေးစင် အီဂျစ်အသင်းကို ဦးဆောင်ပြီး အာဖရိကဖလားပြိုင်ပွဲကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဆာလာကို ပြီးခဲ့တဲ့နွေရာသီတုန်းက ဆော်ဒီကလပ် အယ်အစ်သီဟတ်က ပြောင်းရွေ့ကြေး ပေါင်သန်း ၁၅၀ အထိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးက ရောင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။
လီဗာပူးကစားတဲ့ ဒီနှစ်ရာသီ ပြိုင်ပွဲအစုံ ၂၅ ပွဲမှာ မိုဆာလာဟာ ၂၆ ဂိုး သွင်းယူပေးထားပါတယ်။
Photo-Reuters