တော့တင်ဟမ်ဟော့စပါးအသင်းက ကွင်းလယ်ကစားသမား ဆားကို ၆ နှစ်ခွဲစာချုပ်နဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဆီနီဂေါ လက်ရွေးစင်ဟာ ဒီရာသီမှာ အသင်းအတွက် ၁၈ ပွဲ ကစားပေးထားပါတယ်။
စာချုပ်သစ်ကြောင့် သူဟာ တော့တင်ဟမ်ဟော့စပါးစ်အသင်းမှာ ၂၀၃၀ အထိ ရှိနေမှာ ဖြစ်ပါတယ်။
ဆီနီဂေါလက်ရွေးစင် ကွင်းလယ်သမား ဆားဟာ အာဖရိကဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံထား ရပေမဲ့ ဒဏ်ရာရ ထားတာကြောင့် ပါဝင်ကစားဖို့ မသသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။
စပါးအသင်းက ကွင်းလယ်သမား ဆားကို ၂၀၂၁ မှာ ပြင်သစ်ကလပ် မက်ဇ်အသင်းကနေ ခေါ်ယူထားတာ ဖြစ်ပါတယ်။
Photo-Reuters