အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့က တရားရုံးချုပ် အဆောက်အအုံကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲအရာရှိတွေကို တုံ့ပြန် ပစ်ခတ်ခဲ့တဲ့ သံသယရှိသူတဦးကို ဇန်နဝါရီ ၂ ရက် အစောပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အခင်းဖြစ်ပွားရာနေရာဆီ ရဲတွေရောက်လာပြီး နှစ်နာရီလောက်အကြာမှာ အမည်မသိ သံသယရှိသူကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ပြီလို့ Denver7 မီဒီယာက ဖော်ပြခဲ့ပါတယ်။ ဖောက်ထွင်းဝင်ရောက်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို ကော်လိုရာဒိုပြည်နယ်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတလောင်းကိုယ်စားလှယ် ရွေးကောက်ပွဲကနေ ထုတ်ပယ်ပြီးနောက် ထရမ့်ပ်ကို ထောက်ခံသူတွေက အမေရိကန် လွှတ်တော်ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်အတွက် ကော်လိုရာဒို တရားရုံးချုပ်ဟာ တရားရေးတိုက်ပွဲ ဗဟိုချက် ဖြစ်လာပါတယ်။
အခုဖောက်ထွင်းဝင်ရောက်မှုနဲ့ ထရမ့်ပ်ရဲ့ တရားရေးကိစ္စကြား ဖြစ်နိုင်ခြေရှိတဲ့ ဆက်နွှယ်မှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက ဘာမှ မပြောသေးပါဘူး။
Source/Photo-Reuters