မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ တောင်ပံကစားသမား ဆန်ချိုဟာ ဒီလထဲမှာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။
အသက် ၂၃ နှစ်အရွယ် ဆန်ချိုဟာ နည်းပြ တန်ဟတ်ဂ်နဲ့ ဆိုရှယ်မီဒီယာမှာ အပြန်အလှန် စကားများခဲ့ပြီးနောက် တောင်းပန်စကားဆိုဖို့ ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။
နည်းပြ တန်ဟတ်ဂ်နဲ့ မန်ယူအသင်းဘက်ကလည်း ဆန်ချိုကို အသင်းလူစာရင်းကနေ ထုတ်ပယ်လိုက်ပြီး လူငယ်အကယ်ဒမီကွင်းမှာပဲ တဦးတည်း လေ့ကျင့်ခန်းတွေသာ ပြုလုပ်စေခဲ့တာပါ။
ယူနိုက်တက်ဟာ ဆန်ချိုကို ၂၀၂၁ ခုနှစ် ဇူလိုင်လထဲမှာ ဒေါ့မွန်အသင်းဆီကနေ ပေါင် ၇၃ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters