တောင်ကိုရီးယားအတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် လီဂျေးမြောင်ဟာ ဇန်နဝါရီ ၂ ရက်က နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်မှာရှိတဲ့ လေဆိပ်တခုဆီ သွားရောက်လည်ပတ်ချိန် လည်ပင်းကို ဓားနဲ့အထိုးခံခဲ့ရတယ်လို့ တောင်ကိုရီးယားအခြေစိုက် ယွန်ဟပ် သတင်းအေဂျင်စီက ဖော်ပြပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ အတိုက်အခံ နိုင်ငံရေးသမားဟာ မြေပြင်ပေါ်လဲမကျမီ လက်မောင်းကို ဆန့်တန်းထားတဲ့ အမျိုးသားတဦးကို ဆုပ်ကိုင်ထားတာ ပြထားပါတယ်။
တိုက်ခိုက်သူဟာ စက္ကူသရဖူကို ဆောင်းထားတဲ့ အသက် ၅၀-၆၀ ဝန်းကျင်ရှိတဲ့ အမျိုးသားတဦး ဖြစ်ပုံရပြီး လီဆီမှာ အော်တိုလက်မှတ်ထိုးခိုင်းဖို့ ချဉ်းကပ်ခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။
အမည်မသိ တိုက်ခိုက်သူကို အခင်းဖြစ်ပွားရာနေရာမှာ အမြန်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တောင်ကိုရီးယားအခြေစိုက် ယုံဟပ် သတင်းဌာနက ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ လူတွေက လည်ပင်းတဖက်ကို လက်ကိုင်ပုဝါတထည်နဲ့ ဖိပေးထားပြီး လီက မျက်လုံးမှိတ်ထားရင်း မြေပြင်ပေါ်မှာ လဲလျောင်းနေတာကို တွေ့ရပါတယ်။
လီဟာ သတိရှိနေပြီး သူ့ကို ဒေသတွင်း တက္ကသိုလ်ဆေးရုံဆီ ပို့ဆောင်ထားတယ်လို့ ပါတီတာဝန်ရှိသူနဲ့ မီးသတ်ဌာန တာဝန်ရှိသူတဦးတို့က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source/Photo-Reuters