ရီးရဲလ်မက်ဒရစ်အသင်းက လက်ရှိနည်းပြ ကာလို အန်စလော့တီကို စာချုပ်သက်တမ်း ထပ်တိုးလိုက်ပါတယ်။
စာချုပ်သစ်ကြောင့် နည်းပြ အန်စလော့တီဟာ အသင်းမှာ ၂၀၂၆ မတိုင်ခင်အထိ ရှိနေမှာ ဖြစ်ပါတယ်။
အသက် ၆၄ နှစ်အရွယ် အီတလီသား နည်းပြကို ဘာနေဗျူးကလပ်က ၂၀၂၁ မှာ ၃ နှစ်စာချုပ်နဲ့ ဒုတိယအကြိမ်မြောက် ခေါ်ယူခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ထဲမှာ ဘရာဇီးလက်ရွေးစင်အသင်းက အန်စလော့တီကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။
နည်းပြ အန်စလော့တီဟာ ရီးရဲလ်နည်းပြအဖြစ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၀ ခု ရယူနိုင်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါဒေရေဖလားပဲ ဆွတ်ခူးနိုင်ခဲ့ပြီး လာလီဂါ အမှတ်ပေးဇယားမှာ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
Photo-Reuters