ဒိန်းမတ်ဘုရင်မ မာရက်တူးဟာ ဥရောပမှာ သက်တမ်းအရှည်ဆုံး ဘုရင်မဖြစ်ပြီး ထီးနန်းသက် ၅၂ နှစ်အကြာ ဇန်နဝါရီ ၁၄ ရက်မှာ ထီးနန်းစွန့်မှာ ဖြစ်ပါတယ်။
သူ့နေရာမှာ သားတော်အကြီးဆုံး အိမ်ရှေ့မင်းသား ဖရက်ဒရစ်က ထီးနန်းဆက်ခံမယ်လို့ ဒီဇင်ဘာ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။
၁၉၇၂ ခုနှစ်မှာ နန်းတက်ခဲ့တဲ့ အသက် ၈၃ နှစ်အရွယ် မိဖုရားဟာ ဒိန်းမတ်ရိုးရာနှစ်သစ်ကူး အကြိုမိန့်ခွန်းမှာ အံ့အားသင့်စရာ ကြေညာခဲ့လို့ နိုင်ငံအတွင်း လူပေါင်း ၅ ဒသမ ၉ သန်း ကြည့်ရှုခဲ့ပါတယ်။
“ခွဲစိတ်မှုသည် နောင်လာနောက်သားတွေအတွက် တာဝန်ကို ချန်ထားရမယ့်အချိန် ရောက်ပြီလားဆိုတာ အနာဂတ်ကို သဘာဝအတိုင်း တွေးတောစေပါတယ်” လို့ ဖေဖော်ဝါရီလမှာ လုပ်ခဲ့တဲ့ အောင်မြင်တဲ့ ခွဲစိတ်မှုကို ရည်ညွှန်းရင်း ဘုရင်မက ပြောပါတယ်။
“အခုအချိန်က မှန်ကန်တဲ့အချိန်လို့ ကျမ ဆုံးဖြတ်ထားပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ မှာ ကျမချစ်ရတဲ့ဖခင်ကို ဆက်ခံပြီး ၅၂ နှစ်အကြာ ဒိန်းမတ်ဘုရင်မ အဖြစ်ကနေ နုတ်ထွက်တော့မှာပါ။ ကျမသားတော် အိမ်ရှေ့မင်းသား ဖရက်ဒရစ်ကို ထီးနန်းလွှဲပေးမယ်” လို့ ဘုရင်မက ပြောခဲ့ပါတယ်။
ဒိန်းမတ်ဘုရင်မဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် တူး ကွယ်လွန်ပြီးတဲ့နောက် ဥရောပမှာ သက်တမ်းအရှည်ဆုံးဘုရင် ဖြစ်လာခဲ့ပါတယ်။
Source/Photo-Reuters