အမေရိကန်တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်လို့ ယီမင်နိုင်ငံရဲ့ အစိတ်အပိုင်း အများအပြားကို သိမ်းပိုက်ထားတဲ့ ဟူသီလှုပ်ရှားမှုအဖွဲ့က ရေတပ်သား ၁၀ ဦး သေဆုံးပြီး ပင်လယ်နီထဲက သူတို့ရဲ့ လှေ ၃ စီး ပျောက်နေတယ်လို့ ဟူသီတွေက ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။
ဂါဇာမှာ အစ္စရေးရဲ့ထိုးစစ်ကို တုံ့ပြန်တဲ့အနေနဲ့ ပင်လယ်နီထဲမှာ သီတင်းပတ်ချီ တိုက်ခိုက်နေတဲ့ ဟူသီတွေဟာ မယ်ယာ့စ်ခ် ကုန်တင်သင်္ဘောကို ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က အစောပိုင်းမှာ ပြောပါတယ်။
ဒီဇင်ဘာ ၃၁ ရက် တိုက်ခိုက်ရာမှာ ဟူသီတွေသုံးခဲ့တဲ့ လှေငယ် ၄ စင်းထဲက ၃ စင်းကို အမေရိကန်ရေတပ် ရဟတ်ယာဉ်တွေက နှစ်မြုပ်ပစ်ခဲ့ပြီး လေးစင်းမြောက်လှေကိုတော့ ကမ်းခြေဆီ ပြန်မောင်းထုတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဟူသီတွေဟာ အစ္စရေးနဲ့ တိုက်နေတဲ့ ဂါဇာကမ်းမြောင်က ဟားမတ်စ်အဖွဲ့နဲ့ရော အီရန်နဲ့ပါ မဟာမိတ်တွေပါ။
ယီမင်အခြေစိုက် ဟူသီရေတပ်ပိုင် သင်္ဘောသုံးစင်းကို အမေရိကန်ရန်သူ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့လို့ ဟူသီ ရေတပ်အဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး လှေ ၃ စီး ပျောက်ဆုံးနေတယ်လို့ ဟူသီတွေရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ပြောပါတယ်။
ဟူသီရေတပ် တပ်ဖွဲ့ဝင်တွေက သင်္ဘောသားတွေအတွက် သတိပေးခေါ်ဆိုချက်တွေကို ဂရုမစိုက်ဘဲ မယ်ယာ့စ်ခ် ဟန်ကျိုး ကုန်သေတ္တာတင်သင်္ဘောကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆာရီယာက ပြောပါတယ်။
Source/Photo-Reuters