Home
မြန်မာသတင်း
လှိုင်သာယာ နေရာ ၆ နေရာ၌ ဗုံးများပေါက်ကွဲ
DVB
·
January 1, 2024
hlaine 112024

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က နေရာ ၆ နေရာမှာ ဒီဇင်ဘာ ၃၁ ရက် ည ၈ နာရီကစပြီး ဗုံးကွဲတာတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ရပ်ကွက်တွေအတွင်း လိုက်လံမွှေနှောက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်သာယာမြို့ခံတဦးက “ဗုံးကွဲတာ အရမ်းအင်အားပြင်းတယ်။ တချို့အိမ်တွေဆို ငလျင်လှုပ်သလို တုန်သွားတယ်။ ဗုံးကွဲပြီး မကြာဘူး စစ်တပ်ရောက်လာပြီး ဟိုစစ် ဒီစစ်၊ ဟိုမေး ဒီမေး လုပ်သွားကြတယ်။ သေတာရှိမရှိတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကတော့ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်၊ ၂ ရပ်ကွက် ရာအိမ်မှူးတဦးရဲ့ နေအိမ်၊ ၁ဝ ရပ်ကွက် ရာအိမ်မှူးတဦးရဲ့ နေအိမ်၊ လူမိုက် ဝင်းနိုင်ရဲ့တပည့် ပျူစောထီးနေအိမ်တို့နဲ့ စစ်အုပ်စုတပ်စွဲရာ ရဲတပ်တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနေရာတွေကို Anonymous Fighters Force-AFF, Rangoon Urban Force-RUF, Freeland Attack Force-FLA တို့က တိုက်ခိုက်ခဲ့တာလို့ ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီလို ဗုံးကွဲမှုတွေ ဖြစ်ပွားခဲ့ပေမဲ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ New Year Countdown ပွဲကတော့ ထူးခြားမှုမရှိခဲ့ဘဲ ပွဲပြီးတဲ့အထိ ပြုလုပ်နိုင်ခဲ့တယ်လို့ အဆိုပါပွဲကို သွားရောက်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024