Home
မြန်မာသတင်း
မတ္တရာ ဥဒိန်ရွာကို စစ်တပ်ကမီးရှို့၊ နေအိမ် ၄၉ လုံး ဆုံးရှုံး
DVB
·
January 1, 2024
fire 112024

မန္တလေးတိုင်း မတ္တရာမြို့နယ် ဥဒိန်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၄၉ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းကစပြီး မတ္တရာမြို့ထဲကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက ဥဒိန်ကျေးရွာကို မီးရှို့ခဲ့တာပါ။

“မတ္တရာမြို့ထဲကထွက်လာတဲ့ စစ်ကြောင်းပေါ့၊ ခန့်မှန်းခြေအင်အား ၁၀၀ လောက်ပါတယ်၊ ၄ နေရာခွဲပြီးရှို့သွားတာ၊ အိမ်ခြေက ၄၉ လုံးလောင်တယ်။ ရွာမြောက်ပိုင်းမှာ ၂၁ လုံး၊ ရွာတောင်ပိုင်းမှာ ၂၈ လုံးလောင်တယ်။ အဲ့ဒီရွာကအိမ်ခြေ ၁၀၀၀ နဲ့ ၁၅၀၀ ကြားရှိတယ်” လို့ Wetlet Information Network တာဝန်ခံက ပြောပါတယ်။

ဥဒိန်ကျေးရွာကို နေရာ ၄ နေရာခွဲကာ မီးရှို့ဖျက်ဆီးပြီးတဲ့နောက် ရွာထဲက အိမ်စီးကား ၁ စီးကို ခိုးယူသွားကာ ညနေပိုင်းမှာ မတ္တရာမြို့ထဲပြန်ဝင်သွားပြီလို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၄၉ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ရွာခံပြည်သူ ၅၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ ဥဒိန်ကျေးရွာက ပြည်သူ ၅၀၀၀ ကျော်ဟာလည်း နီးစပ်ရာ မြစ်ကမ်းနံဘေးက သောင်ပြင်နဲ့ ကိုင်းတောတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024